နန်းယွန်း နိုဝင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးသင်တန်းပို့ချခြင်း အခမ်းအနားကို နိုဝင်ဘာလ (၁၈) ရက်နေ့ နံနက် ၉ နာရီခွဲက နန်းယွန်းမြို့နယ် စုပေါင်းရုံးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာတင်ဦးက သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ထိုနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဦးနှစ်သစ်ကူးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား သင်တန်းစတင်ပို့ချသည်။
ထိုသင်တန်းကို အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းမှ ဆရာ/ဆရာမများ (၁၇၉) ဦး တက်ရောက်ကာ သင်တန်းကာလမှာ နိုဝင်ဘာ (၁၈) ရက်နေ့မှ (၁၉) ရက်နေ့ထိ နှစ်ရက်ကြာ သင်တန်းပို့ချမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာတင်ဦး၊ အတွင်းရေးမှူး ရဲမှူး ခင်မောင်ထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဦးစီးအရာရှိနှင့်အဖွဲ့ဝင်များ၊ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးရှန်ယုန်နှင့် ဆရာကြီး/ဆရာမကြီးများ၊ သင်တန်းသား၊ သင်တန်းသူ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)