လပွတ္တာ နိုဝင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်သာသနာ့ဗိမာန်တော်၌ ယနေ့နံနက် ၉ နာရီအချိန်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများတွေ့ဆုံ၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးလျက်ရှိကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းမှ ရွေးကောက်ပွဲအတွက် မဲပေးစက်နှင့်ပတ်သက်သည့် ကိစ္စရပ်များအား မဲပေးစက်ဖြင့်လက်တွေ့ရှင်းလင်းဆွေးနွေးခြင်း၊ ပြည်ထောင်စုလွှတ်တော်အသီးသီးအလိုက် မြန်မာအီလက်ထရောနစ်စက်များ သိမ်းဆည်းမည့် သာသနာ့ဗိမာန်အတွင်း ကြည့်ရှုစစ်ဆေးခြင်းများ၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခြင်း၊ မဲစာရင်း မှန်ကန်မှုရှိစေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် ပြောကြားခြင်း၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ ရှင်းလင်းဆွေးနွေးမှာကြားခဲ့ပြီး ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြလျက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းက လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)