နာဂဒေသဦးစီးအဖွဲ့နှင့် ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ(၁၂/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လဟယ် နို၀င်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂဒေသဦးစီးအဖွဲ့နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၀င်များ၊ ဒေသအဆင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၂/၂၀၂၅)ကို ယနေ့နံနက် ၁၀ နာရီအချိန်က နာဂဒေသဦးစီးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာနာ‌ဂဒေသဦးစီးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်း၀င်းက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာတွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ မဲပေးပိုင်ခွင့်ရှိသူ မဲစာရင်းမကျန်ရှိစေရေး သေချာစိစစ်ဆောင်ရွက်ကြရန်နှင့် ‌‌‌‌‌မဲပေးစက်အချိန်မီ ရောက်ရှိအောင် ကြပ်မတ်ဆောင်ရွက်ကြပါရန်နှင့် ၂၀၂၆ ခုနှစ် လေရှီးမြို့တွင် ကျင်းပမည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ဒေသအဆင့်ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေးကြပါရန်မှာကြားခဲ့သည်။

ယင်းနောက် နာဂဒေသဦးစီးအဖွဲ့၀င်များက ဖြည့်စွက်ဆွေးနွေးရာတွင် မဲပေးစက်များလမ်းပန်း ဆက်သွယ်ရေး အဆင်ပြေစွာ မဲရုံတည်ရှိရာရောက်ရှိနိုင်ရေး မြို့နယ်အလိုက် စုရပ်နေရာသတ်မှတ်ပြီး လမ်းအလင်းဖွင့်နိုင်ရေးဆွေးနွေးခဲ့သည်။

ထို့နောက် ဒေသအဆင့်/မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှု၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးပူးပေါင်းဆောင်ရွက်နေမှုအခြေအနေ တင်ပြကြရာနာဂဒေသဦးစီးအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့၀င်များက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)