လဟယ် နိုဝင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် လဟယ်မြို့အခြေခံပညာနှင့် စက်မှုစိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်း ချယ်ရီမြိုင်ခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်းက သင်တန်းအဖွင့်အမှာစကားပြောကြားပါသည်။ထိုနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရွေးကောက်ပွဲအရာရှိ ဦးဟိန်းသူအောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။ အဆိုပါသင်တန်းကို (၁၉-၁၁-၂၀၂၅) ရက်နေ့မှ (၂၂-၁၁-၂၀၂၅) ရက်နေ့အထိ မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းမှ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာ၀န်ထမ်းများ (၁၈၆) ဦး တက်ရောက်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ နာဂဒေသဦးစီးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်း၀င်းနှင့်အဖွဲ့၀င်များ၊ လဟယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ထူးနှင့်အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)