စေတုတ္တရာမြို့နယ်၌ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

စေတုတ္တရာ နိုဝင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ သဘာဝဘေးအန္တရာယ် အသိပညပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း ကျင်းပသည်

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာဇာငြိမ်းက သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေးများ၏ ကြိုတင်ပြင်ဆင်ရေးနည်းလမ်းများ၊ သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက မိမိသိရှိထားသည့် အသိပညာများကို လက်တွေ့အသုံးချအသုံးပြုကြရန်နည်းလမ်းများ သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက စည်းစည်းလုံးလုံး စုပေါင်းဝိုင်းဝန်းဆောင်ရွက်တတ်စေရေး၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး သဘာဝဘေးအန္တရာယ် (၉) ဘေးရှိကြောင်း၊ မုန်တိုင်းဘေးအသိပညာပေးအကြောင်းအရာများ၊ မုန်တိုင်းနှင့် ပတ်သတ်ပြီး အရောင် (၅) ရောင်ရှိကြောင်း၊ မိုးတွင်းကာလတွင် သတိထားနေထိုင်ကြရန်၊ မိုးလေဝသသတိပေးအချက်အလက်များကို နားထောင်ကြပြီး မိသားစုဝင်များနှင့် အနီးအနားရှိပြည်သူများအား အသိပေးကြရန်၊ ဘေးအန္တရာယ်ဖြစ်လာလျှင် ဘေးကင်းလုံခြုံသည့် နေရာများသို့ ပြောင်းရွှေ့နေထိုင်ကြရန် စသည့်သဘာဝဘေးအန္တရာယ် အသိပညာပေးအကြောင်းအရာများကို ဟောပြောဆွေးနွေးပြောကြားခဲ့သည်။

သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲသို့ တက်ရောက်ကြသည့် ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

ဆန်းကိုကို (ပြန်/ဆက်)