ဖောင်းပြင်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းပို့ချ

ဖောင်းပြင် နိုဝင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် ပတ်သက်၍ ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

သင်တန်းအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ခံအရာရှိနှင့်ဝန်ထမ်းများက ပို့ချကာ သက်ဆိုင်ရာမဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမ ၆၁ ဦး တက်ရောက်သင်ယူလျက်ရှိပြီး သင်တန်းကာလ တစ်ရက်ပို့ချမည်ဖြစ်ကြောင်း၊ သင်တန်းတွင် အီလက်ထရောနစ်မဲပေးစက်တစ်စုံတွင်ပါရှိသည့် ထိန်းချုပ်စက်၊ ဆန္ဒပြုစက်၊ မဲပေးချက်ဖော်ပြသည့် စက်တို့နှင့်ပတ်သက်၍ တပ်ဆင်နည်း၊ အသုံးပြုနည်းတို့ကို စာတွေ့လက်တွေ့သင်ကြားပို့ချမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက တာဝန်ရှိသူထံမှသိရသည်။

မြို့နယ်(ပြန်/ဆက်)