သရက်မြို့တွင် ကြိုတင်ဆန္ဒမဲလုံခြုံစွာပေးနိုင်ရေးနှင့် ခင်းကျင်းထားရှိမှုများအား လိုက်လံကြည့်ရှု

သရက် နိုဝင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များတို့က ရပ်ကွက်၊ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲများ လုံခြုံစွာပေးနိုင်ရေးနှင့် ခင်းကျင်းဆောင်ရွက်ထားရှိမှုများကို နိုဝင်ဘာလ ၁၈ ရက်က လိုက်လံကြည့်ရှုကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။ 

ကြိုတင်ဆန္ဒမဲပေးကြရမည့် အဆင့်မြင့်တက္ကသိုလ်၊ တက္ကသိုလ်၊  ဒီဂရီကောလိပ်၊ကောလိပ်များသည် မကြာမီဖွင့်လှစ်မည်ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မဲပေးခွင့်မဆုံးရှုံးစေရေးအတွက်  ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများဖြစ်ပါက သက်ဆိုင်ရာကျောင်းများသို့မသွားမီ မဲစာရင်းပါရှိရာ ၁၇-၁၁-၂၀၂၅ ရက်နေ့မှ ၂၁-၁၁-၂၀၂၅ ရက်နေ့အထိ (၅)ရက် ကြိုတင်မဲပေးနိုင်ရေး ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင်မဲရုံများ ဖွင့်လှစ်ထားပြီး ဆန္ဒမဲပေးရာတွင် လုံခြုံစိတ်ချရမှုရှိရေးနှင့် စနစ်တကျမဲပေးနိုင်ရေးအတွက် လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

မောင်လုလင် (သရက်)