စေတုတ္တရာ နိုဝင်ဘာ ၁၈
စေတုတ္တရာမြို့နယ်၌ ရှေးဦးပြုစုခြင်းဘာသာရပ်၊ ပညာရပ်များကို လူတိုင်းတတ်မြောက်စေရန်၊ ရုတ်တရက်နာမကျန်းဖြစ်ခြင်းနှင့် ထိခိုက်ဒဏ်ရာများ ရရှိပါကမှန်ကန်သော ရှေးဦးပြုစုခြင်းနည်းဖြင့် ချက်ချင်းပြုစုစောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဦးဆောင်မှုဖြင့် အခြေခံအရေးပေါ်လူနာရှေးဦးသူနာပြုစုခြင်းသင်တန်းကို ယနေ့နံနက်က မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာမြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနဒေါက်တာမျိုးကိုကိုဇင်မှသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။ စေတုတ္တရာ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဖွင့်လှစ်သော အခြေခံအရေးပေါ်လူနာရှေးဦးသူနာပြုစုခြင်းသင်တန်းကို မေလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ သင်တန်းသား/ သင်တန်းသူ (၃၉) ဦးတို့အား ရှေးဦးသူနာပြုစုခြင်းဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဆန်းကိုကို(ပြန်/ဆက်)