ဆိပ်ဖြူမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

ဆိပ်ဖြူ နိုဝင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းကို ရပ်ကွက်နေပြည်သူများ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ခြင်း မရှိသေးသူများ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားကိုင်ဆောင်၍ ပျက်စီး/ပျောက်ဆုံးပြည်သူများ အနေဖြင့် ၂၀၂၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲ၌ နိုင်ငံသားအခွင့်အရေးနှင့် မဲပေးခွင့်ဆုံးရှုံးမှုမရှိစေရန် ရည်ရွယ်၍ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ၊ လဝကမှူး ဦးကျော်စိုးနိုင်ဦးဆောင်၍ ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများပူးပေါင်း၍ နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၂၃ ရက်နေ့အထိ နံနက်(၇)နာရီမှ ညနေ(၄)နာရီအထိ ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ် လ၀က ဦးစီးမှူးဦးမင်းသူလိုက်ပါ၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားဆောင်ရွက်နေသည့် လုပ်ငန်းများကွင်းဆင်းကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက် ပေးကြောင်းသိရှိရသည်။     

သူရိန်(ဆိပ်ဖြူ)