ရေနံချောင်းမြို့ အ.ထ.က(၂)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ရေနံချောင်း နိုဝင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိကာ ဗလငါးတန်နှင့်ပြည့်ဝစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက အ..က(၂)ကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က  ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အ.ထ.က(၂)ကျောင်းမှ Grade-7၊  Grade-8 နှင့် Grade-9 တို့မှ ကျောင်းသား၊ ကျောင်းသူ ၆ ဦးက လူငယ်နှင့် ယဉ်ကျေးမှုတန်ဖိုး၊  လူငယ်နှင့်အင်တာနက်၊ လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူး၊  လူငယ်နှင့်ကျန်းမာရေး၊  လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်များဖြင့် အသီးသီးပါဝင် ဆွေးနွေးကြရာ တက်ရောက်လာသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးသည်။

အဆိုပါအခမ်းအနားသို့ အ.ထ.က() ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)