ဆင်ပေါင်ဝဲမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM Installation နှင့် ဘက္ထရီတပ်ဆင်မှုဆိုင်ရာသင်တန်း (ဆင့်ပွား)သင်တန်းဖွင့်လှစ်

ဆင်ပေါင်ဝဲ နိုဝင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်ခန်းမ၌ ယမန်နေ့နံနက် (၉)နာရီအချိန်က မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM Installation နှင့် ဘက္ထရီတပ်ဆင်မှုဆိုင်ရာ သင်တန်း(ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်းထွန်းက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိ ဒေါ်သီရိလွင်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းအားဆက်လက်ပို့ချခဲ့ရာ သင်တန်းပို့ချမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့သည်။

အဆိုပါသင်တန်းအား နိုဝင်ဘာ(၁၃)ရက်နေ့မှစတင်၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး သင်တန်းသား (၂၅)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)