ရပ်စောက် နိုဝင်ဘာ ၁၃
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၆) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီက ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း စစ်ရေးပြကွင်း၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း၊ ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ကျော်ဇင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ သင်တန်းဆင်းပွဲတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းမှ ခေတ္တကျောင်းအုပ်ကြီးက ပြည်သူ့စစ်မှုထမ်းသင်တန်းသား(၈၆)ဦးအား စစ်ဆေးမှုပြုလုပ်ခဲ့ပြီးနောက် စံပြတပ်သားဆု၊ လက်ဖြောင့်ထူးချွန်ဆု၊ စစ်မြေပြင်အင်ဂျင်နီယာထူးချွန်ဆု၊ ချေမှုန်းရေး အကောင်းဆုံးတပ်စိတ်ဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ တပ်စိတ်တိုက်ပွဲ အကောင်းဆုံးတပ်စိတ်ဆု၊ အိပ်ဆောင်ခင်းကျင်းမှု အကောင်းဆုံးဆုများပေးအပ်ချီးမြှင့်ပြီးနောက် သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ကာ သင်တန်းဆင်း သင်တန်းသားများက စစ်ကြောင်းပုံစံဖြင့် ချီတက်အလေးပြုခဲ့ကြသည်။
ထို့နောက် လူမှုရေးရာဝန်ကြီးနှင့်အတူ တာဝန်ရှိသူများက စားရိပ်သာခန်းမ၌ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများအား ကြိုဆိုဂုဏ်ပြုစကားပြောကြားခဲ့ပြီး ပြည်သူ့စစ်မှုထမ်း သင်တန်းသားများနှင့် အတူတကွ လက်ဖက်ရည်သုံးဆောင်ခဲ့ကြကြောင်း သိရသည်။
ထို့အတူ တပ်မတော်(ကြည်း) အမှတ်(၁) အရာခံနှင့်အကြပ်ကြီးသင်ကျောင်း စစ်ရေးပြကွင်း၌လည်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၆) ဆင်းပွဲပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တောင်ကြီးခရိုင် လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းမင်းသိန်း၊ ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ် ဇေယျာလင်း၊ တပ်မတော်(ကြည်း)အမှတ်(၁) အရာခံနှင့်အကြပ်ကြီးသင်ကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ကျော်သူလှိုင်နှင့် တပ်နယ်မှအရာရှိများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသား(၄၈၁)ဦး တက်ရောက်ခဲ့ကြသည်။ သင်တန်းဆင်းပွဲတွင် ဗိုလ်မှူးကြီး ကျော်သူလှိုင်က ပြည်သူ့စစ်မှုထမ်း သင်တန်းသား (၄၈၁)ဦးအား စစ်ဆေးမှုပြုလုပ်ခဲ့ပြီးနောက် စံပြတပ်သားဆု၊ လက်ဖြောင့်ထူးချွန်ဆု၊ စစ်မြေပြင်အင်ဂျင်နီယာထူးချွန်ဆု၊ ချေမှုန်းရေးအကောင်းဆုံးတပ်စိတ်ဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ တပ်စိတ်တိုက်ပွဲ အကောင်းဆုံးတပ်စိတ်ဆု၊ အိပ်ဆောင်ခင်းကျင်းမှု အကောင်းဆုံးဆုများ ပေးအပ်ချီးမြှင့်ပြီးနောက် ဖွင့်မိန့်ခွန်းပြောကြားခဲ့ကာ သင်တန်းဆင်း သင်တန်းသားများက စစ်ကြောင်းပုံစံဖြင့် ချီတက်အလေးပြုခဲ့ကြသည်။
ထို့နောက် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အတူ တာဝန်ရှိသူများက စားရိပ်သာခန်းမ၌ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများအား ကြိုဆိုဂုဏ်ပြုစကားပြောကြားခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းသားများနှင့် အတူတကွလက်ဖက်ရည်သုံးဆောင်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)