အိမ်မဲ အောက်တိုဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကွင်းကလေးကျေးရွာအုပ်စု၊ ပရိုက် ကျေးရွာ တောင်သူ ဦးဝင်းဘို၏ ကွင်းအမှတ် ၉၂၊ ဦးပိုင်အမှတ် ၃၆/၃ လယ်မြေ(၂)ဧက တွင် မိုးစပါးဆင်းသုခစပါးမျိုး စံကွတ်ရိတ်သိမ်းပွဲကို ယနေ့နံနက် (၉) နာရီအချိန်ကကျင်းပခဲ့သည်။
၂၀၂၅ ခုနှစ်မိုးစပါး ဆင်းသုခစပါးမျိုး(၂)ဧက စံကွက်ရိတ်သိမ်းရာ (၁)ဧက အထွက်တင်း အစို ၁၁၆.၃၀ တင်း အခြောက်တင်း (၁၀၇.၂၉)တင်းထွက်ရှိခဲ့ရာ ပန်းတိုင်အထွက်နှုန်းထက်ပိုမိုရရှိကြောင်းနှင့် စံကွက်ရိတ် သိမ်းပွဲသို့ မြောင်းမြခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်နှင့် ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့ဝင်များ၊ တောင်သူများ တက်ရောက်ခဲ့ ကြောင်းသိရသည်။း
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)