စေတုတ္တရာ အောက်တိုဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ မြို့နယ်ပညာရေးမှူးရုံးမှကြီးမှူး၍ ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားလာစေရေးနှင့်စဉ်ဆက်မပြတ်လေ့လာသင်ယူစေရေးအတွက် ရည်ရွယ်၍ မြို့နယ်အဆင့်အင်္ဂလိပ်စာနှင့်သင်္ချာဘာသာ ရပ်စွမ်းရည်ပြိုင်ပွဲကို အောက်တိုဘာ ၁၄ ရက်နေ့ နံနက်(၉) နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲကို စေတုတ္တရာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade-5 မှ Grade-9 ထိ အင်္ဂလိပ်စာဘာသာရပ်စွမ်းရည်ပြိုင်ပွဲတွင်(၅၂)ဦး၊ သင်္ချာဘာသာရပ်စွမ်းရည် ပြိုင်ပွဲတွင် (၁၀၁)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၁၅၃)ဦးသည်(၁၄-၁၀-၂၀၂၅) မှ (၁၅-၁၀-၂၀၂၅)ထိ(၂)ရက်တာဖြေဆိုယှဥ်ပြိုင်ကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး မှသိရသည်။
ဇာဇာငြိမ်း(ပြန်/ဆက်)