ဆင်ပေါင်ဝဲ အောက်တိုဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားလာစေရေးနှင့် စဥ်ဆက်မပြတ်လေ့လာသင်ယူစေရေးအတွက်ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် သင်္ချာနှင့် အင်္ဂလိပ်စာ ဘာသာရပ်စွမ်းရည်ပြိုင်ပွဲကို အောက်တိုဘာ ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲကို ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade-5 မှ Grade-9 ထိ သင်္ချာဘာသာရပ်စွမ်းရည်ပြိုင်ပွဲတွင် (၁၄၅)ဦး၊ အင်္ဂလိပ်စာဘာသာရပ်စွမ်းရည်ပြိုင်ပွဲ တွင်(၁၀၂)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၂၄၇)ဦးပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)