ပွင့်ဖြူမြို့နယ် စံပြကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး

ပွင့်ဖြူ  အောက်တိုဘာ 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သရက်အုပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာ ၌ တတိယအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို အောက်တိုဘာ  ၄ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အကြီးတန်းစာရေး ဒေါ်ဌေးမြက မြစိမ်းရောင် ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးနှင့် စီမံကိန်းလက်စွဲစာစောင်ပါ စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ စီမံကိန်းမူဘောင်များ၊ အတိုးနှုန်းနှင့် စီမံကိန်းစက်ဝန်းကာလ သတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး အကြီးတန်းစာရေး ဒေါ်ဌေးမြက စံပြကျေးရွာမြစိမ်းရောင် ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၃၃ သန်းကို လွှဲပြောင်းပေးအပ်သည်။

ထို့နောက် မြစိမ်းကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက စံပြကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၂၆  ဦးကို ငွေကျပ် ၂ ဒသမ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၂ ဦးကို ငွေကျပ် ၁ ဒသမ သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၂၅ ဦးကို ငွေကျပ် ၄ ဒသမ ၃ သန်း၊ အသေးစားလုပ်ငန်းလုပ်ကိုင်သူ ဦးကို ငွေကျပ် ဒသမ ၇၅ သန်း၊  စုစုပေါင်း စီမံကိန်း အသင်းသား၊ အသင်းသူ ၁၇၁ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၃ သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)