မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀င် စီးပွားရေးရာ၀န်ကြီး ဦးအောင်ချိန် မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေးအစည်းအဝေး (၂/၂၀၂၅-၂၀၂၆) အခမ်းနားတက်ရောက်

မကွေး အောက်တိုဘာ ၁၄

မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးကျင်းပပြုလုပ်သည့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေးကော်မတီ အစည်းအဝေးကို အောက်တိုဘာ ၁၃ ရက်နေ့ မွန်းလွဲ  ၁ နာရီက အဆိုပါတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀င် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အဖွင့်အမှာစကားပြောကြားရာတွင် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးမြှင့်တင်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအရေးပါသော အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပြီး နိုင်ငံတော်အစိုးရအနေဖြင့်လည်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအား ဖွံ့ဖြိုး တိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပူပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ 

ထို့နောက် တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန  တိုင်းဦးစီးမှူး ဒေါ်စုစုခိုင်က ( ၂/၂၀၂၅-၂၀၂၆ ) အစည်းအဝေးတွင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းရှင်များမှ လုပ်ငန်းမှတ်ပုံတင်ခွင့် ပြုချထားပေးနိုင်ရေးအတွက်လျှောက်ထားလာမှုအခြေအနေအားPower pointဖြင့် အသေးစိတ်ရှင်း လင်းဆွေးနွေးပြောကြားပြီး၊ တက်ရောက်လာသည့် တိုင်းဒေသကြီး အဆင့်လုပ်ငန်း မှတ်ပုံတင် စိစစ်ဆုံးဖြတ်ရေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အစည်းအဝေးတွင်တင်ပြလျှောက်ထားလာသော ဝင်ငွေတိုး လုပ်ငန်းရှင်(၁၀၅)ဦး၊ ပြင်ပလုပ်ငန်းရှင်(၇၅)ဦး စုစုပေါင်း(၁၈၀)ဦး၏အချက်အလက်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အထောက်အထား အချက် အလက်ပြည့်စုံမှန်ကန်မှု ရှိ/မရှိစိစစ်၍ လုပ်ငန်းမှတ်ပုံတင်ခွင့်ပြု ချထားပေးနိုင်ရေး အတည်ပြုဆုံးဖြတ်ဆောင်ရွက်ပေးခဲ့ကြသည်။   ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၀င် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က နိဂုံးချုပ်အမှာစကား ပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 မောင်ခိုင်မင်း(ပြန်ဆက်)