တောင်ငူ အောက်တိုဘာ ၆
တောင်ငူမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၆၄) ကြိမ်မြောက် သံဃမဟာပဝါရဏာပွဲတော်အား ယနေ့မွန်းလွဲပိုင်းက ရွှေဆံတော် စေတီတော်မြတ်ကြီး၌ ကျင်းပသည်။ ရှေးဦးစွာသမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၆၄)ကြိမ်မြောက် သံဃမဟာပဝါရဏာပွဲတော်ကြီးတွင်ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိဂန္တဝင်ကိုးခန်းသိမ်တော်ကြီးအတွင်း၌ ဆရာတော်၊ သံဃာတော်များမှ ပဝါရဏာပြုတော်မူကြသည်။
အဆိုပါပဝါရဏာပြုတော်မူကြသည့်ဆရာတော်၊ သံဃာတော်(၃၉၂) ပါးနှင့် သာသနာ့နွယ်ဝင် သီလရှင် (၁၀၀)ပါးအား တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက် ဦးဆောင်၍ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ဘက်ဆိုင်ရာအရာရှိကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အသီးသီးတို့မှ စုပေါင်း၍ လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် ပဝါရဏာလောင်းလှူခဲ့ကြသည်။ ဆက်လက်၍ သမိုင်းဝင်ရွှေဆံတော် စေတီတော်မြတ်ကြီးရင်ပြင်တော်၌ ညနေ ၅ နာရီမှစတင်၍ ဖျော်ဖြေရေးအစီအစဥ်များဖြင့် ဖျော်ဖြေတင်ဆက်ပြီး ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲအား ဆက်လက်ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်