ကသာ အောက်တိုဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ကသာမြို့နယ်အတွင်း ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများဖြစ်သော ပုံစံ (၁)၊ (၁-က)များကို စက်တင်ဘာ ၃၀ရက်က စတင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင်(ပထမအကြိမ်) ကပ်ထားကြေညာ သည်။
ကသာမြို့နယ်တွင် ရပ်ကွက်ပေါင်း (၁၂)ရပ်ကွက်ရှိပြီး ရပ်ကွက်များအတွင်းရှိ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာရာတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် လာရောက်ကြည့်ရှုသူများ အဆင်ပြေချောမွေ့စွာကြည့်ရှုနိုင်ရေးအတွက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ရပ်ကွက်စာရေးများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကသာမြို့နယ်၌ ရပ်ကွက်ပေါင်း(၁၂)ခုရှိပြီး ပထမအကြိမ်မဲဆန္ဒရှင်ပြည်သူများ၏ အမည်စာရင်းများကို အောက်တိုဘာ ၁၃ရက်အထိ (၁၄)ရက်ကြာ ကပ်ထားကြေညာခဲ့ရာ မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင်ပြည်သူဦးရေ ၁၂၆၇ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ခရိုင်ပြန်/ဆက်