ရွှေတောင် အောက်တိုဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.ထ.က(ရွှေတောင်) ရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်မြတ်ဆရာ ပူဇော်ကန်တော့ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများအား သြကာသကန်တော့ကျိုးဖြင့် ကန်တော့ခဲ့ကြပြီး ကန်တော့ခံဆရာကြီးတစ်ဦးမှ ဆုံးမသြဝါဒစကားပြောကြားခဲ့သည်။
ဆက်လက်၍ ကန်တော့ခံဆရာကြီး၊ ဆရာမကြီး (၁၈၆) ဦးတို့အား ကန်တော့ခံပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ပြီး နေ့လယ်စာထမင်း၊ ဟင်းများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်ပညာရေးမှူးနှင့်ဝန်ထမ်းများ၊ ရွှေတောင်မြို့နယ် အခြေခံပညာကျောင်းများရှိ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း