ဟုမ္မလင်းမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ထောက်ပံ့ငွေနှင့်အခြေခံစားသောက်ကုန်ပစ္စည်း (၅) မျိုး ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ဟုမ္မလင်း အောက်တိုဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင် ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှ (၂၂-၉-၂၀၂၅ ရက်မှ ၂၉-၉-၂၀၂၅ )ရက်ထိ ရောက်ရှိလာသော ယာယီ‌နေရပ်စွန့်ခွာ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် အ‌ခြေခံစားသောက်ကုန်ပစ္စည်း(၅)မျိုး ထောက်ပံ့ပေးခြင်းကို၊ ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်ကထပ်ဆင့် အားပေး အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ယာယီ‌နေရပ်စွန့်ခွာ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် အ‌ခြေခံစားသောက်ကုန်(၅)မျိူးကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲဝင်းကဝန်ထမ်း(၁)ဦးလျှင် (၁)သိန်းကျပ်နှုန်းဖြင့် (၄၇)သိန်းကို ဗန်းမောက်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမွန်အောင်ထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်က အခြေခံစားသောက် ကုန်(၅)မျိုးကို ဗန်းမောက်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင် မြို့နယ်လဝကမှူး ဦးထွန်းဝင်းထံထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားတွင် ဟုမ္မလင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဟုမ္မလင်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မှ ရုံးဝန်ထမ်းများ၊ ယာယီနေရပ်စွန့်ခွာပြည်သူများအား ဗန်းမောက်မြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မိသားစုဝင်များ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)