မုံရွာ အောက်တိုဘာ ၄
ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ သစ္စာစေတီ ဘုရားပရဝုဏ်အတွင်းရှိ သံ၊ ဂုဏ်၊ ပ၊ မ ဆုတောင်း ပြည့်စေတီတော်နှင့် အောင်ချမ်းသာ ဆုတောင်းပြည့်စေတီတော် ရွှေထီးတော်ဘုံအဆင့် ဆင့်နှင့် စိန်ဖူးတော်တင်လှူခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်ရင်ပြင်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ တကောင်းကျောင်းသစ် သက်တော်ရှည် ဆရာတော်ဘဒ္ဒန္တသာသန ဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သက်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေ သကြီးအစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများက စိန်ဖူးတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ စစ်ကိုင်းမြို့၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပြည်တော်အေး ကျောင်းတိုက် ဘဒ္ဒန္တပညာဝံသ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်များက အနုမောဒနာ တရား နာယူကြည့်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေကာ “ဗုဒ္ဓ သာသနံ စိရံတိဌတု”သုံးကြိမ်ရွတ်ဆိုဆုတောင်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက မင်္ဂလာအချိန် ကျရောက်သည့်နှင့် တစ်ပြိုင် နက် သံ၊ ဂုဏ်၊ ပ၊ မ ဆုတောင်းပြည့်စေတီတော်နှင့် အောင်ချမ်းသာ ဆုတောင်းပြည့်စေတီတော် ရွှေထီးတော်ဘုံအဆင့်ဆင့်နှင့် ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့အား တင်လှူပူဇော်ကြပြီး အမွှေးနံ့သာရေများပတ်ဖျန်းကာ ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စား ပြုပြိုင်ပွဲဝင်အသင်းထံ အောင်နိုင်ရေး အလံ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြိုင်ပွဲဝင်အနုပညာရှင်များအနေဖြင့် မိမိတို့ပါဝင်ယှဉ်ပြိုင်ရမည့် ဘာသာရပ်အား ဆရာကြီး/ဆရာမကြီးများ သင်ကြားပြသထားသည့် အတိုင်း ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ယှဉ်ပြိုင်နိုင်အောင် ပြင်းပြင်းထန် ထန်လေ့ကျင့်ယှဉ်ပြိုင်သွားကြရန် လိုအပ်ပါကြောင်း၊ ပြိုင်ပွဲဝင်များအား သင်ကြားပြသပေးသည့် အနုပညာရှင်ကြီးများ၊ မိဘအုပ်ထိန်း သူများ၏ကျန်းမာရေး၊ နေထိုင်ရေး၊ စား သောက်ရေး၊ ဝတ်စုံများဝတ်ဆင်ရေးကအစ လုပ်ငန်းကိစ္စ အရာအားလုံးအား မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အလေးအနက်ထား ကြိုတင်စီမံမှု များဖြင့် ပြည့်စုံအောင် လုပ်ဆောင်ပေးလျက်ရှိပါကြောင်း၊ အုပ်ချုပ်နည်းပြများနှင့် ပြိုင်ပွဲဝင်များ အနေဖြင့် ယခုကာလရာသီဥတုသည် မိုးနှောင်းကာလဖြစ်သည့်အတွက် ရာသီဥတုက ပူလွယ်၊ အေးလွယ် အပြောင်းအလဲ မြန်ဆန်လွန်းခြင်းကြောင့် ဖျားနာရောဂါ၊ တုတ်ကွေးရောဂါနှင့် နှာစေး ချောင်းဆိုးရောဂါများ မဖြစ်ရလေအောင် တစ်ဦးချင်း၏ကျန်းမာရေးအား အလးထား ဂရုစိုက် နေထိုင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ် ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်အဖွဲ့ အုပ်ချုပ်သူထံ အောင်နိုင်ရေးအလံအားပေးအပ်ပြီး ပြိုင်ပွဲဝင်အနုပညာရှင်၊ဝါသနာရှင်များက ပြိုင်ပွဲ ဝင်ရန် အသင့်ပြင်ဆင်လေ့ကျင့်ထားသည့် အဆို၊ အက၊ အတီးများဖြင့် ဧည့်ခံဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်၊ လေ့ကျင့်ရေးအထက်တန်းကျောင်းရှိ “ပညာ့ရောင်ခြည်”ခန်းမတွင် ကျင်းပပြုလုပ်သည့် ကျောင်းပြင်ပပညာရေး(မူလတန်း NFPE/ အလယ်တန်း NFME) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ကြသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က ယနေ့ဖွင့်လှစ်မည့် ကျောင်းပြင်ပပညာရေးမှ ဆရာ၊ဆရာမများ အနေဖြင့် သင်တန်းမှပို့ချပေးလိုက်သည့် သင်ကြားနည်းစံနစ်များအတိုင်း ပညာသင်ယူခွင့် ပြတ်တောက်နေသည့် လူငယ်များအား စိတ်ရှည်စွာပြုစုပျိုး ထောင်ရင်း ထိရောက်အောင်မြင်သည့် သင်ကြားမှုဖြစ်အောင် ကြိုးပမ်းသင်ကြားပေးသွား ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပညာရေးမှူးက ကျောင်းပြင်ပပညာရေး (မူလတန်း NFPE/အလယ်တန်း NFME) ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဗဟိုအဆင့်နည်းပြသင်တန်း တက်ရောက်ခဲ့သည့် နည်းပြဆရာမ ၁ ဦးက သင်တန်းဆိုင်ရာ လုပ်ငန်းစဉ်များအား ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက ကျောင်းပြင်ပပညာရေး (မူလတန်း NFPE/အလယ်တန်း NFME)သင်တန်းသား/သင်တန်းသူများထံ ငွေကျပ် - ၁၀ သိန်းအား ပေးအပ် ချီးမြှင့်ပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါကျောင်းဝန်း အတွင်းရှိသက်မှတ် စာသင်ဆောင်များတွင် ကျောင်းပြင်ပပညာရေး (မူလတန်း NFPE/ အလယ်တန်း NFME) Level-1 to Level 2 သင်ကြားနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး တာဝန်ရှိသူများနှင့်အတူ ကျောင်းသား/ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများအား ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)