နာဂဒေသဦးစီးအဖွဲ့နှင့် ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ (၆/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လဟယ် အောက်တိုဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂဒေသဦးစီးအဖွဲ့နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ၀င်များ၊ ဒေသအဆင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၆/၂၀၂၅) ကို အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီက နာဂဒေသ ဦးစီးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာနာ‌ဂဒေသဦးစီးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်း၀င်းက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာတွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများအနေဖြင့် ဝိုင်း၀န်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သောကြောင့် မြို့ချင်းဆက်လမ်း/ရွာချင်းဆက်လမ်း အလင်းဖွင့် ရန်သက်ဆိုင်ရာ ဌာနများက ကြိုတင်ဆောင်ရွက်ကြရန်နှင့် မဲပေးစက်များလမ်းပန်းဆက်သွယ်ရေး အဆင်ပြေစွာ မဲရုံတည်ရှိရာ ရောက်ရှိနိုင်ရေး သက်ဆိုင်ရာဌာနများက မိမိအပိုင်းလိုက် ဆောင်ရွက်သွားရန်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ဒါအောင်မြင်ဆောင်ရွက်နေကြသည့် ဌာနများအနေဖြင့် လုပ်ငန်းတိုးတက်မှု မှတ်တမ်းဓါတ်ပုံနှင့်တကွ တစ်လတစ်ကြိမ်တင်ပြကြရန် မှာကြားသည်။ ၎င်းနောက်နာဂဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးလင်းကိုကိုက ဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက် ဒေသအဆင့်/မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိဌာနအလိုက်လုပ်ငန်းဆောင်ရွက်နေမှု၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေနှင့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေ တင်ပြကြရာနာဂဒေသ ဦးစီးအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့၀င်များက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)