လဟယ် အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် သမဝါယမနှင့်ကျေးလက်လက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လဟယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြုအခြေခံ(ဆိုင်ကယ်ပြင်) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၀၉း၀၀)နာရီအချိန် လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု(ဗဟို)ဌာန(Community Centre)ခန်းမ၌ ကျင်းပပါသည်။
ဦးစွာနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး လဟယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်စိုးက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် လဟယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးက
သင်တန်းနည်းပြဆရာအား ဉာဏ်ပူဇော်ကြေး ထောက်ပံ့ပေးအပ်ပြီး လဟယ်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဦးကျော်သက်ထူးက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပါသည်။
ဆက်ပြီး နာဂဒေသဦးစီးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်း၀င်း၊ အတွင်းရေးမှူး ဦးလင်းကိုကိုနှင့် အဖွဲ့၀င်များက
သင်တန်းထူးချွန်ဆုနှင့် လုပ်ငန်းသုံးပစ္စည်းများကို သင်တန်းသားများထံ ထောက်ပံ့ပေးအပ်ပါသည်။
၎င်းနောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ ကြောင်းသိရသည်။
အဆိုပါသင်တန်းကို (၁-၉-၂၀၂၅)ရက်မှ (၃၀-၉-၂၀၂၅)ရက်နေ့အထိ တစ်လကြာသင်တန်းသား (၁၅)ဦးတို့အား သင်တန်းနည်းပြဆရာ(၁)ဦးက စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်း၊ အတွင်းရေးမှူး ဦးလင်းကိုကိုနှင့်အဖွဲ့၀င်များ၊ လဟယ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဦးကျော်သက်ထူးနှင့် အဖွဲ့ဝင်များ၊ လဟယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ရုံး၀န်ထမ်းများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)