ဘီးလင်းမြို့၊ အ.ထ.က(ရွှေလှေ)ကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းများဆောင်ရွက်

ဘီးလင်း စက်တင်ဘာ ၁၈

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနနှင့်ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိရာ   ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ရွှေလှေ)ကျောင်း၌ သွားရောက်ဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ရည်မှန်းချက်များ အောင်မြင်စေရေး၊ ကျောင်းစာအပြင် ဗဟုသုတတိုးပွားစေမည့် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြရေး၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေးနှင့် လူငယ်နှင့်စာပေ ဖတ်ရှုခြင်းအကြောင်းတို့ကို ဟော‌ပြောဆွေးနွေးခဲ့သည်။

ထို့နောက် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မူးယစ်‌ဆေးဝါးအန္တရာယ် သတိပြုကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးစသည့် အသိပညာပေး နံရံကပ်စာစောင် များနှင့်သုတရသစာအုပ်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)