ချောင်းဆုံမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးခြင်း ပြုလုပ်

ချောင်းဆုံ စက်တင်ဘာ ၁၈

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံထူးချွန်သူများ ပေါ်ထွန်းလာစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မုရစ်ကြီး(မူလွန်)ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးခြင်း၊ စာဖတ်ရှိန်မြှင့်တင်းရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ် စာစောင်များပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲများတွင် ကျောင်းအုပ်ဆရာကြီး ဦးရဲဝင်းထွန်းက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်(ပြန်/ဆက်)ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိသူဇာက ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးဆိုင်ရာများနှင့် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်းစရာများဟောပြောပြီးနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သက်ငုံဖူးက အားကစားနှင့် ကျန်းမာရေးအကြောင်း ဒုတိယဦးစီးမှူး ဒေါ်နွေးနွေးဦးက စာဖတ်ခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်းစသည်ဖြင့် ဟောပြောခဲ့ကြပြီး ကျောင်းသား/သူများ သိရှိလိုသည်များကို ပြန်လည်ဖြေကြားပေးခြင်းနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)