မွန်ပြည်နယ်ကျန်းမာရေးမှူး ကျောင်းတွင်းအာဟာရကျွေးမွေးနေမှုအား ကြည့်ရှုအားပေး

မော်လမြိုင် စက်တင်ဘာ ၁၈

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း(ထ-ခွဲ)ကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက ကျောင်းတွင်းအာဟာရကျွေးမွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း(ထ-ခွဲ)ကျောင်းရှိ KG တန်းမှ ကျောင်းသား၊ ကျောင်းသူလေးများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း၊ အစားအသောက် ပြင်ဆင်မှု အခြေအနေ၊ အဏုအာဟာရမှုန့်များကျွေးမွေးခြင်းနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး ပညာပေးခြင်းများ ဆောင်ရွက်နေမှုကို ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ပြည်နယ်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရှနရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)