တမူး သြဂုတ် ၄
တမူးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် မိုးစပါးစီးပွားဖြစ် မျိုးသန့် မျိုးစေ့ထုတ် စိုက်ပျိုးခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။
ထိုသို့အကောင်အထည်ဖော် စိုက်ပျိုးရာတွင် တမူးမြို့နယ်၊အင်ဒိုင်းကျေးရွာအုပ်စု ၊ပန်းသာကျေးရွာရှိတောင်သူ ဦးစောတင်မောင်၏ လယ်မြေကွင်း အမှတ် ၂၉၇/E မျိုးစေ့ထုတ်စိုက်ကွက်(၂)ဧကတွင် ယနေ့ နံနက်ပိုင်းက ဆင်းဧကရီ-၃ မျိုးစံပါးအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု အကူအညီဖြင့် စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။
တမူးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)ဖြင့် မိုးစံပါး စီးပွားဖြစ်မျိုးသန့် မျိုးစေ့ထုတ်ကွက်(၁၆၀)ဧကနှင့် တစ်ခရိုင်လုံးတွင် (၄၅၀)ဧကစိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း ထွက်ရှိလာမည့်မျိုးစံပါးများကို မိမိတို့မြို့နယ်အတွင်းရှိ တောင်သူများထံသို့ ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း တမူးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိအိဆွေထံမှသိရှိရသည်။
ကျော်သူရ(ပြန်/ဆက်)