မိုးညိုမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စုများအား ကျေးရွာအရောက် သွားရောက်ထောက်ပံ့

မိုးညို သြဂုတ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးမင်းသူမောင်နှင့် ဝန်ထမ်းများသည် မိုးညိုမြို့နယ်၊ လက်ပံခုံကျေးရွာ အုပ်စု၊ ပြည်တော်သာကျေးရွာနှင့် ဟင်္သာချောင်ကျေးရွာ အုပ်စု၊ ရင်းနှောင်းကုန်းကျေးရွာတို့တွင် ဧရာဝတီ မြစ်ရေဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စုများအား ယမန် နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က သွားရောက်ထောက်ပံ့ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စု(၁၁)စုမှ လူဦးရေ(၃၈)ဦးအတွက် ဆန်ရိက္ခာဖိုး()ရက်စာ ထောက်ပံ့ငွေ(၇၉၈၀၀)ကျပ်၊ အိမ်ထောင်စု(၁၁)စု အတွက် ဆပ်ပြာ(၁၁)တောင့်နှင့် လူဦးရေ(၃၈)ဦး အတွက် တစ်ဦးလျှင် Surgical Mask()ခုနှုန်းဖြင့် (၇၆)ခုတို့အား မိုးညိုမြို့နယ်၊ တိုင်းဒေသကြီး()လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကို၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ရေဘေးသင့်ကျေးရွာသို့ ပြည်သူလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း(မိုးညို)