ရေနံချောင်း စက်တင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ဒေသခံပြည်သူများ၏ ထင်းသုံးစွဲမှုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ၂၀၂၅ ခုနှစ် ကျေးရွာသုံးထင်းစိုက်ခင်း(၁၀)ဧက မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး ပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်-မန္တလေးလမ်းဘေး သုံးဆယ်ခြောက်ကျေးရွာအုပ်စုတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များက စိုက်ပျိုးမည့်သစ်ပင်များကို ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများထံ ပေးအပ်သည်။ ထို့နောက် တက်ရောက်လာသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် သစ်တောသစ်ပင်ချစ်ခင်သူများက ယူကလစ်ပျိုးပင် ၃၀၀၀ ကို ကျေးရွာသုံးထင်းစိုက်ခင်း(၁၀)ဧကတွင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)