မုဒုံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မုဒုံ သြဂုတ် ၃၀

မွန်ပြည်နယ်မုဒုံမြို့နယ်တွင် အမှတ်()အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက စာသင်ကျောင်းရှိ ရှင်အရဟံခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို ကျောင်းသား/သူများက ဘက်စုံပညာကိုရည် တို့လှမ်းချီတေးသီချင်းဖြင့် စတင်ဖွင့်လှစ်ပေးခဲ့ပြီး မုဒုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးမင်းအောင်မြင့်က နိုင်ငံအကျိုးပြုခေါင်းဆောင်များ ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် အမျိုးသားရေးဆန္ဒအမျိုးသားရေးအသိအမျိုးသားရေးအမြင်အမျိုးသားရေးတာဝန်အဖြစ် အလေးအနက်အခိုင်အမာခံယူပြီး မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝိရိယဖြင့် မနားမနေကြိုးစားအားထုတ်ပေးသွားကြရန်နှင့် အရည်အသွေးမြင့်မားသော မျိုးဆက်သစ်လူငယ်များကို မွေးထုတ်ပေးနိုင်မည့် ဘက်စုံပညာရေးစနစ်ကို နိုင်ငံတော်ကထူထောင်ပေးထားပြီးဖြစ်သည်နှင့်အညီ ဤပညာရေးစနစ် သက်ဝင်ရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန် ပညာရေးဝန်ထမ်းများက မိဘများနှင့်ပူးပေါင်းပြီး ဝိုင်းဝန်းမြှင့်တင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တာဝန်ရှိသူများက ()ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ ()ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ ()ဘာသာဂုဏ်ထူးရှင် (၆) ဦး၊ ()ဘာသာဂုဏ်ထူးရှင် (၆) ဦး၊ () ဘာသာဂုဏ်ထူးရှင် (၂၁) ဦးနှင့် ကျောင်းသား/ သူများ ထူးချွန်စွာသင်ကြားပေးခဲ့သည့် ဆရာ/ဆရာမများနှင့် အလှူရှင်များအား ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)