မုံရွာ ဩဂုတ် ၃၀
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် ဩဂုတ်လ ၂၉ ရက်၊ နံနက်ပိုင်းတွင် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ မဟာရွှေစည်ကြီးကျောင်း တိုက်ကြီးသို့ရောက်ရှိရာ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သက်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ပင့်သံဃာဆရာတော်ကြီးများထံ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ မြို့မဈေးကြီးသို့ရောက်ရှိရာ ဈေးကြီးအတွင်းရှိအဝတ်အထည်ဆိုင်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်များအေးချမ်းတည်ငြိမ်စွာဖြင့် ရောင်းဝယ်ဖောက်ကားနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ဈေး ရောင်းချနေသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ဈေးကြီးအတွင်းသန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ ဈေးဆိုင်ခန်းများနှင့်ဈေးရုံများ လုံခြုံစိတ်ချစွာဖြင့် ရောင်းဝယ်ဖောက်ကားမှုပြုဘုပ်နိုင်ရန်စီမံထားရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်သွားရေးတို့အား တာ ဝန်ရှိသူများကိုမှာကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကန့်ဘလူမြို့နယ်၊ တောက္ကရှပ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ရောက်ရှိရာ ကျောင်းသား/ကျောင်းသူများ၏ ဘင်ခရာအဖွဲ့လေ့ကျင့်တီးခတ်နေများအားကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုချီးမြှင့်ငွေကျပ်- ၁၀ သိန်းအား ပေးအပ်ချီးမြှင့်ခဲ့ပြီး အဆိုပါကျောင်းရှိ သက်မှတ်ကျောင်းဆောင်များတွင် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနေမှုများအားလိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကန်ဘလူမြို့နယ်၊ ကံကြီးကုန်း ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းသို့ရောက်ရှိရာ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်ရင်းရင်းနှီးနီးတွေ့ဆုံခဲ့ကြပြီး သင်ကြားရေးစီမံရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးက ကျောင်းအုပ်ဆရာကြီးထံ ငွေကျပ် - ၁၀ သိန်းအားပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကန့်ဘလူမြို့နယ်၊ နက်ပေးကျေးရွာရှိ တောင်သူဦးမိုးပေါက် စိုက်ပျိုးထားရှိသည့်အောင်နိုင်တိုးစပါးမျိုး ၃.၀၆ ဧကစိုက်ခင်းအတွင်း သမန်းနိုးခြင်းနှင့်သဘာဝမြေဩဇာရောနှောကြဲပတ်ခြင်းကွင်း သရုပ်ပြသပွဲသို့ တက်ရောက်ကြသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများက ကွင်းသရုပ်ပြသမှုများအားကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများအနေဖြင့် မိမိပိုင်မြေယာများကို မြေလွတ်မြေလပ်မကျန် စိုက်ပျိုး ရေး၊ စိုက်ပျိုးရာတွင်လည်း ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးရေးနည်းလမ်း ၄ သွယ်အားအသုံးပြု၍ကြိုးပမ်းဆောင်ရွက်ရေးနှင့် ဒေသအတွင်းစားရေ ရိက္ခာဖူလုံပြည့်ဝစေရေးအတွက်ရေရရှိမှုအပေါ်မူတည်၍ တစ်နှစ်လျှင် နှစ်သီးစား၊ သုံးသီးစားအထိရရှိအောင်တိုးချဲ့စိုက်ပျိုးသွားကြရန်မှာကြားကာ စိုက်ပျိုးရေး ဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကိုတာဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)