အိမ်မဲမြို့နယ်သီးကွင်းကျေးရွာတွင် မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာအသိပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

အိမ်မဲ သြဂုတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်သီးကွင်းကျေးရွာ ဓမ္မာရုံတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးဆောင်ကျင်းပသည့် မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာအသိပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင်  မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဒေါ်ခိုင်ဆွေသက်နှင့် တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းများကို အကျယ်တဝင့်ပြောကြားခဲ့သည်။

ဆက်လက်ပြီး  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိနှင့် ဝန်ထမ်းများမှတက်ရောက်လာသော သီးကွင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူ ၂၆၅၀ ဦးအားတစ်ဦးချင်းလက်တွေ့စမ်းသပ် မဲပေးခြင်းများ ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်(ပြန်/ဆက်)