စစ်ကိုင်း သြဂုတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းတောင်ရိုးရှိ ပတ္တမြားစေတီ ရှင်းလင်းရေးလုပ်ငန်များ ဆောင်ရွက်ပြီးစီးမှု၊ ဥမင်ကိုးဆယ်စေတီတော်မြတ်ကြီးနှင့် ဇရပ်၊ တန်ဆောင်း၊ ဂူကျောင်းများအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ပြီးစီမှု၊ ဥမင်ကိုးဆယ်စေတီတော်မြတ်ကြီးရင်ပြင်ရှိ သောက်သုံးရေကန်ပြန်လည်ပြုပြင်ပြီးစီး၍ သောက်သုံးရေရရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့်တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရာဇမဏိစူဠာကောင်းမှုတော် စေတီတော်မြတ်ကြီး ဘက်စုံပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး၊ ဆွမ်းဦးပုညရှင်စေတီတော်နှင့် သာသနာ့ဗိမာန်တော်ကြီး ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအဖွဲ့များ၊ ဂေါပကအဖွဲ့များနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေလင်းအောင်