နတ်မောက် ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) တို့ ပူးပေါင်း၍ မောင်မောင်မြင့်သိန်းရေးသားသည့် “ ကောင်းမွန်သော” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဝင်းမေထွန်း (စာထောက်-၃) က လူငယ်များ စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစရေန် ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြား သည်။ ဆက်လက်၍ စာပေဝါသနာရှင်တစ်ဦးကကောင်းမွန်သော အနာဂတ်ဆီသို့ စာအုပ်မှ “အကောင်းမြင်စိတ်သဘောထား ”ခေါင်းစဉ်အား ဆွေးနွေးရာတွင် .ဘဝရဲ့အခက်အခဲ လောကဓံတွေ ကြားမှာနေထိုင်ရှင်သန်ရင်း လူ့ဘဝဆိုတဲ့ အဖြူထည်ပန်းချီကားကို ကိုယ့် အတွေး၊ ကိုယ့်အမြင်၊ ကိုယ့် ခံစားချက်အတိုင်း ရေးခြယ်ကြတာ ဖြစ်ပါကြောင်း၊ မတူညီခြင်းတွေများစွာထဲက နားလည်မှု၊ သည်းခံခွင့်လွှတ်မှုတွေနဲ့ ယှဉ်တွဲနေထိုင်ကြရမှာဖြစ်ပြီး ကိုယ်တိုင်ခြယ်သလိုက်သော ဆေးရောင်သည် လှသည်ပဲ ဖြစ်ဖြစ်၊ မလှသည်ဘဲဖြစ်ဖြစ် ထွက်ပေါ်လာမယ့်အရုပ်လေးဟာ ကိုယ့်ဘဝ၊ကိုယ့် အနာဂတ်ပဲဖြစ်ပါကြောင်း ဆွေးနွေပြောကြားသည်။
အဆိုပါစာဖတ်ဝိုင်းသို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင်များ၊ ကျောင်းသား/ သူများနှင့် မြို့နယ်ပြန်/ဆက်မှ ဝန်ထမ်းများ တက်ရောက်ခဲ့သည်။
လှဝင်း