ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းတပ်နယ်၌ ပြည့်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၆)သင်တန်းဖွင့်ပွဲ ကျင်းပ

တောင်ငူ ဩဂုတ် ၁၈

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကိုထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ်(၂၇/၂၀၁၀)ဖြင့်ပြဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင်စတင်အာဏာသက်ဝင်စေခဲ့ကာ ပြည့်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၅)ကိုတိုင်းဒေသကြီးအသီးသီး၌ အောင်မြင်စွာဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းတပ်နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၆)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းတပ်နယ်၊ နယ်မြေခံသင်တန်းကျောင်း၊ စစ်ရေးပြကွင်း၌ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်တာဝန်ရှိသူများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရောက်မည့်သင်တန်းသားများတက်ရောက်ကြပြီး နယ်မြေခံသင်တန်းကျောင်းမှကျောင်းအုပ်ကြီးက အဖွင့်အမှာစကား ပြောကြာခဲ့သည်။

ယင်းနောက် နယ်မြေခံသင်တန်းကျောင်းခန်းမ၌ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက အမှာစကားပြောကြားခဲ့ပြီး သင်တန်းသားများအား ဂုဏ်ပြုချီးမြင့်ငွေနှင့်စားသောက်ဖွယ်ရာများဂုဏ်ပြုပေးအပ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့က သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)