ကသာမြို့၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုဆောင်ရွက်

ကသာ ဩဂုတ် ၁၅

စစ်တိုင်းဒေသကြီး၊ ကသာမြို့တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး ရက်သတ္တပတ်အစီအစဉ်ဖြင့် KG ကျောင်းသား/သူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်း (၆)ကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ကျွေးမွေးရာတွင် အာဟာရပြည့်ဝမျှတပြီး ကျန်းမာရေးနှင့် ညီညွတ်သော အသား၊ ကြက်ဉ၊ အာလူး၊ ရွှေဖရုံသီး၊ ပဲဟင်း၊ ငှက်‌ပျောသီးနှင့် အသီးအရွက်တို့ကို ချက်ပြုတ်ပြင်ဆင်၍ အခြေခံပညာကျောင်းများရှိ KG ကျောင်းသား/ကျောင်းသူကလေးများကို စနစ်တကျကျွေး‌မွေးပေးကြောင်း သိရသည်။ ကျောင်းသား/သူများအားလုံး ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များရှိစေရန်အတွက် လက်များကိုဆပ်ပြာဖြင့် စင်ကြယ်စွာ‌‌ဆေးကြောဆောင်ရွက်စေခဲ့သည်။

ထိုသို့‌ကျွေးမွေးဆောင်ရွက်မှုကို ကသာခရိုင်စီမံခန်ခွဲ‌ရေးနှင့် အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ ခေတ္တအုပ်ချုပ်‌ရေးမှူး ဦးစောနေသာနှင့်ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဒေါက်တာ စိုးသူအန်းနှင့် ကျန်းမာ‌ရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဒေါ်နန္ဒာလင်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုကြပ်မတ်ပေးခဲ့သည်။

ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် ကသာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၂)ကျောင်းတွင် KG ကျောင်းသား/သူ စုစုပေါင်း (၅၁၈) ဦးကို ဩဂုတ်လတွင်(၁)ကြိမ်နှင့် စက်တင်ဘာလတွင် (၁)ကြိမ်ကျွေးမွေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်စွာထွန်း(ပြန်/ဆက်)