ဖျာပုံ ဩဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်(၁၀)နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမြင့်ဇော်နှင့်အဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများက တစ်ဦးချင်းအလိုက် ဆောင်ရွက်သွားမည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ကိုင်တွယ်အသုံးပြု၍ စမ်းသပ်မဲပေးခြင်း အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သွားမည့် လုပ်ငန်းများ ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး၊ ရွေးကောက်ပွဲအရာရှိ ဒေါ်ခင်မိုးလှိုင်က ဖျာပုံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၅)အုပ်စု၌ မဲရုံပေါင်း(၁၇၇)ရုံ ဖွင့်လှစ်ကျင်းပဆောင်ရွက်သွားမည်ဖြစ်၍ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် တင်ပြ ထားသည့် ပါတီပေါင်း(၁၀)ခုရှိပြီး မဲပေးစက်ဖြင့် မဲပေးနိုင်ရေး ပညာရေးဝန်ထမ်းများနှင့် ရပ်ကွက်၊ ကျေးရွာ စာရေးဝန်ထမ်းများအား မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်လှစ် ဆောင်ရွက်ထားပြီး ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများအား ရွေးကောက်ပွဲ အသိပညာပေးဟောပြော သရုပ်ပြသမှု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သွားမည့်လုပ်ငန်းများအား ဆွေးနွေးခဲ့ရာ တက်ရောက် လာသည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက လိုအပ်ချက်များကို တစ်ဦးချင်းအလိုက် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်