ဒေးဒရဲမြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်နှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ ဆောင်ရွက်

ဒေးဒရဲ ဩဂုတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ​ဒေးဒရဲမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ၊ မွေးကင်းစမှ အသက်(၅)နှစ်အောက်ကလေးများ အာဟာရပြည့်ဝစေရေး၊ ကျန်းမာသန်စွမ်းစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အာဟာရဖွံ့ဖြိုးစေရေးရည်ရွယ်၍ အာဟာရဖွံဖြိုး​ရေးရက်သတ္တပတ်နှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများကို တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အာဟာရဖွံ့ဖြိုးရေးရက်သတ္တများဆောင်ရွက်ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးလက်ကျန်းမာရေးဌာနတာဝန်ရှိသူများက အသက်(၅)နှစ်အောက် ကလေးများအား ဗီတာမင်(အေ)နှင့် သန်ချဆေးတိုက်ကျွေးခြင်း၊ အာဟာရချို့တဲ့မှုစောင့်ကြပ်ကြည့်ရှုရန် ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ လက်မောင်းလုံးပတ်တိုင်းခြင်း၊ အရပ်တိုင်ခြင်းနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်း၊ သွားကျန်းမာရေးနှင့် တစ်ကိုယ်ရည်ကျန်းမာရေး စစ်ဆေးဆောင်ရွက်ပေးခြင်းများကို စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။

အေဇာလင်း(ပြန်/ဆက်)