နတ်မောက် ဩဂုတ် ၁၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက (EM) ဘိုကာရှီသဘာဝမြေဩဇာပြုလုပ်ခြင်းနှင့် ပိုက်ဆံလျှော်မျိုးစေ့ပေးအပ်ခြင်းကို ယမန်နေ့က အင်းကုန်းကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဒေသအတွင်းရှိ တောင်သူလယ်သမားများအား သဘာဝမြေဩဇာများ လက်တွေ့ပြုလုပ်သုံးစွဲနိုင်ရေးအတွက်လည်းကောင်း၊ မိမိတို့ကိုယ်တိုင် သဘာဝမြေဩဇာပြုလုပ်သုံးစွဲသည့် အလေ့အထကောင်းများ ရရှိလာနိုင်စေရေးအတွက်လည်းကောင်း၊ သဘာဝမြေဩဇာသုံးစွဲခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းသော ဒေသထွက်ကုန်များ ရရှိလာနိုင်ရေးအတွက်လည်းကောင်း၊ သဘာဝမြေဩဇာသုံးစွဲခြင်းဖြင့် သီးနှံမျိုးစုံနှင့် အပင်များ၏ ဖွံ့ဖြိုးတိုးတက်လာမှုများ သီးနှံနှင့်အပင်ကိုဖျက်ပိုးများ၏ တိုက်ခိုက်ဖျက်ဆီးမှုအခြေအနေ ခံနိုင်ရည်ရှိမှုအခြေအနေများကို သိရှိနိုင်ရေးအတွက်လည်းကောင်း၊ သဘာဝမြေဩဇာပြုလုပ်သုံးစွဲခြင်း၏ အကျိုးကျေးဇူးများကို သိရှိနိုင်စေရန်အတွက်လည်းကောင်း ရည်ရွယ်၍ ယခုကဲ့သို့ နည်းပညာလက်တွေ့ပြသခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိက ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် တောင်သူလယ်သမားများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သစ်စိမ်းမြေဩဇာပိုက်ဆံလျှော်မျိုးစေ့များ ပေးအပ်ခဲ့ကြောင်း သိရသည်။
လှဝင်း