စစ်ကိုင်း သြဂုတ် ၁၅
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရာကြီး၏ တောင်ဘက်မုဒ်ဦးနှင့်စောင်းတန်း အသစ်ပြန်လည် တည်ဆောက်ရန်အတွက် ဖောင်ဒေရှင်းတူ၍ အောက်ခံကွန်ကရစ်လောင်းနေမှု၊ ဘုရာကြီး၏ အတွင်းမုဒ်ဦးများ ပြန်လည်ပြုပြင်နေမှု၊ ကောင်းမှုတော်ဘုရာ မေတ္တာကန် ပြန်လည်ပြုပြင်နေမှု၊ တပ်မတော်သားများမှ ဘုရာကြီးရင်ပြင်တော်တွင် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအဖွဲ့များနှင့် တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့် တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဆွမ်းဦးပုညရှင်စေတီတော်နှင့် သာသနာ့ဗိမာန်တော်ကြီး ပြန်လည်ပြုပြင်မွမ်းမံနေမှုနှင့် ငလျင်လှုပ်ခတ်မှုကြောင့်ပြိုကျ ပျက်စီးခဲ့သည့်မဟာစေတီလှဘုရာကြီး အသစ်ပြန်လည် တည်ထားကိုးကွယ်နိုင်ရန်အတွက် လုပ်ငန်းများဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအဖွဲ့များနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
နေလင်းအောင် (ပြန်/ဆက်)