စေတုတ္တရာမြို့နယ်၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အခမ်းအနား ကျင်းပ

စေတုတ္တရာ ဩဂုတ် ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှုးကျင်းပသည့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အခမ်းအနားကို ယနေ့နံနက် (၉)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးကိုကိုဇင်က အဟာရအုပ်စုများအကြောင်း အသိပညာပေးဆွေနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြု ဆရာ၊ ဆရာမနှင့် ဝန်ထမ်းများက ကိုယ်ဝန်‌ဆောင်မိခင်နှင့် နို့တိုက်မိခင်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်အသင်းဥက္ကဋ္ဌ ဒေါ်လှိုင်စုခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး‌ ရေးရာအဖွဲ့ဝင်များက လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များအား Vitamin A အားဆေးများ ပေးအပ်ခြင်း၊ ဆန်နှင့်ကြက်ဥများပေးဝေခြင်း၊ ငါးနှစ်အောက်ကလေးများအား Vitamin A ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်အလေးချိန်တိုင်းတာခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)