ကန်ကြီးထောင့် ဩဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါး စိုက်ပျိုးပြီးစီးမှု ထွန်တုံးပိတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဝါးဒူးကျေးရွာအုပ်စု၊ ဝါးဒူးကျေးရွာတွင်ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့က တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဦးဆောင်သော အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများသည် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုးပြီးစီးမှု ထွန်တုံးပိတ်ပွဲ အခမ်းအနားအဖြစ်ကျင်းပသော ဝါးဒူးကျေးရွာအုပ်စု၊ ဝါးဒူးကျေးရွာရှိ ကွင်းအမှတ်-၁၅၃ဂ၊ ဦးပိုင်အမှတ်-၂၉/၅၊ တောင်သူဒေါ်ရီရီမြင့်၏ လယ်ဧရိယာ (၃) ဧကအတွင်း ပေါ်ဆန်းရင်စပါးမျိုးစိုက်ပျိုးမှုများအားကြည့်ရှုခဲ့ကြပြီး တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်ကအဆိုပါလယ်ယာမြေများတွင် စိုက်ပျိုးကြသော ကောက်စိုက်သမများအား စားသာက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများအားလည်းကောင်း၊ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်းပေးအပ်ခဲ့ပြီးနောက် တောင်သူများနှင့်တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
ကျော်ဇင်စိုး
ကန်ကြီးထောင့် (ပြန်/ဆက်)