ကျိုက်လတ် ဩဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်၍ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ အခြေခံပညာဉီးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက သဗြုဆိပ်ညောင်ချောင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးကျော်စိုးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဉီးစီးအရာရှိ ဒေါ်ရီရီမြင့်က စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်း ကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြတ်နိုးသူတို့နှင့်အတူ Grade-11 မှ မနှင်းအိချစ်က “စာဖတ်ခြင်းကြောင့် ရရှိလာသော အကျိုးကျေးဇူးများ” မအိကေဇင်ဖြိုးက “ကျန်းမာခြင်းသည်လာဘ်တစ်ပါး”၊ Grade-10 မှ မောင်မင်းခန့်ဇော်က “အပြောအဆိုလိမ္မာသူတို့၏ အမူအကျင့်ကောင်းများ”၊ မောင်သက်မှူးအောင် က “သဘာဝပတ်ဝန်းကျင်ပြည်သူ့နီတိ”၊ မောင်ကောင်းသန့်ကျော်က မုဒိတာစိတ်ထား” စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်း ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြား ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ အ.ထ.က(သဗြုဆိပ်ညောင်ချောင်း)မှ ကျောင်းအုပ်ဆရာကြီး ဦးကျော်စိုးဝင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦးခန့် တက်ရောက် ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်