မြောင်းမြ သြဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရေယာဥ်အသုံးပြု၍ ရေလမ်းခရီးသွားလာနေသည့် လုပ်သားပြည်သူများအတွက် အရေးပေါ်အသက်ကယ်အင်္ကျီ (Lifejacket) မရှိပါက ရေသန့်ဗူးဖြင့်အသက်ကယ်အင်္ကျီ ဆောင်ရွက်တက်စေရန် လက်တွေ့သရုပ်ပြခြင်းများကို ယနေ့နံနက်ပိုင်းက အမှတ် (၄) ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် လယ်ယာသုံးစျေး ရေယာဥ်များ ရပ်နားရာဆိပ်ကမ်းတွင် ရေကြောင်းခရီးဖြင့် သွားလာနေကျသော ခရီးသွားပြည်သူများအား စက်လှေတိမ်းမှောက်မှု၊ ရေယာဥ် မတော်တဆဖြစ်မှုများတွင် အရေးပေါ်အသက်ကယ်အင်္ကျီ (Lifejacket)မရှိပါကမိမိပတ်ဝန်းကျင်ရှိ အလွယ်တကူရနိုင်သော ရေသန့် (၁) လီတာဗူးများ၊ (၅) ဂါလံဝန်ဆံ့သော ရေဗူးကြီးများအား အသက်ကယ်အင်္ကျီအဖြစ် အသုံးပြုနည်းများကို မြောင်းမြမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဒုမီးသတ်ဦးစီးမှူး ဦးမင်းလွင်နှင့် တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)