ပန်းတ‌နော်မြို့တွင် ကျောင်းတွင်းအာဟာရဖြည့်စွက်စာ ကျွေးမွေးခြင်းများပြုလုပ်

ပန်းတနော် သြဂုတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အဖြစ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က အ.ထ.က-၁ ကျောင်းတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလေးငယ်များအား အာဟာရဖြည့်စွက်စာတိုက်ကျွေးခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးခြင်းဖြင့် ကလေးငယ်များ အာဟာရဖွံ့ဖြိုးပြီး ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ မြို့နယ်အမျိုးသမီ‌ရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်း၍ အသက် ၅ နှစ်အောက် ကလေးငယ်များဖြစ်သော KG ကလေးငယ် (၅၅)ယောက်အား အာဟာရဖြည့်စွက်စာများ ကျွေးမွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)