ကျောင်းကုန်း ဩဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပညာရေးမှူးရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်ခန့်ကပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦး၊ ကော်မတီဝင်ဦးတင်မောင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်မြင့်၊ မြို့နယ်ပညာရေးမှူး တာဝန်ခံ ဦးဆန်းဝင်းနှင့် ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက် G R F ရန်ပုံငွေဖြင့် ကျပ်သန်း(၃၄၁.၆၆၀)သန်း၊ Royal Ayar Creative & Construction Co.ltd မှ (၃.၁၁.၂၀၂၄)ရက်နေ့ တွင် စတင်တည်ဆောက်ခဲ့ပြီး၊ အလျားပေ (၁၀၀)၊ အနံ(၃၀)ပေ၊ R C(၂)ထပ် အဆောက်အဦးဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)