ချောင်းဆုံ ဩဂုတ် ၁၁
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာထုတ်ယူရာတွင် အဆင်ပြေစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ အသက်အရွယ်ကြီးပြီး ကျန်းမာရေးအခြေအနေအရ သွားလာရန်ခက်ခဲသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Home Service ဖြင့် UID (Unique Identity) Smart Card များကို ဩဂုတ်လ(၁၀)ရက်နေ့က ချောင်းဆုံမြို့(အရှေ့/အနောက်) ရပ်ကွက်များတွင် အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး မြို့နယ်ဦးစီးမှူးဦးကောင်းပြည့်ကျော် ဦးဆောင်မှုဖြင့် ဝန်ထမ်းများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှပူးပေါင်းကာ ပင်စင်လစာထုတ်ယူကြသည့် သွားလာရခက်ခဲသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအားအိမ်တိုင်ရာရောက် ဇီဝဆိုင်ရာ အချက်အလက်များကောက်ယူ၍ UID (Unique Identity) Smart Card များအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ယင်းသို့ဆောင်ရွက်ပေးခြင်းကို မြို့နယ်အတွင်းရှိကျန်ကျေးရွာများသို့လည်း Home Servic ဖြင့် ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှသိရသည်။
မြို့နယ်(ပြန်/ဆက်)