ပဲခူး ဩဂုတ် ၁၁
ပဲခူးမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ဩဂုတ်လ(၁၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပဲခူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများသည် အဖွဲ့များခွဲပြီး ပဲခူးမြို့ပေါ်ရှိ မြို့သစ်(ခ)ရပ်ကွက်၊ ပုဏ္ဏားစုရပ်ကွက်၊ အင်းတကော်မြို့နှင့် ပျဉ်ပုံကြီးကျေးရွာများသို့သွားရောက်ပြီး ပြည်သူလူထုအား ကျန်းမာရေးပညာပေးခြင်း၊ (ဖုံး၊ သွန်၊ လဲ၊ စစ်)လုပ်ငန်းများဆောင်ရွက်ခြင်း၊ ရေတွင်းရေကန်များအားအဘိတ်ဆေးခပ်ခြင်း၊ စာသင်ကျောင်းများ၊ နေအိမ်များအားခြင်ဆေးမှုတ်ခြင်း၊ ချုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်းလုပ် ငန်းများကိုဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)