နာဂဒသလဟယ်မြို့တွင် ဒေသရွေးကာက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လဟယ် ဩဂုတ် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ဒေသရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီအချိန် နာဂဒေသရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဦးစွာ နာဂဒေသရွေးကောက်ပွဲကာ်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်သန်းက မိတ်ဆက်အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် နာဂဒေသရွေးကောက်ပွဲကော်မရှင်အရာရှိ ဒေါ်သန်းသန်း၀င်းက ရွေးကောက်ပွဲနှင့်ပတ်သက်၍ ညွန်ကြားချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွးနွေးပါသည်။

ထို့နောက် နာဂဒေသရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င်များက တစ်ဦးချင်းမိတ်ဆက်ပြီး ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများအား အပြန်အလှန်ဆွေးနွေးခဲ့ပြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)